မြောက်ဥက္ကလာပ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနေသည့်ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များကို ယမန်နေ့ နေ့လယ် ၁၂ နာရီက We Love Yangon (North Okkalapa) လူထု အခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်၊ ဘုမ္မာ (၁၂)လမ်းရှိ နွမ်းပါး မိသားစုများအား တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ အအေးကတ်၊ ခေါက်ဆွဲခြောက် နှင့် နှာခေါင်းစည်း Mask တို့ကို We Love Yangon (North Okkalapa) လူထုအခြေပြု ပရဟိတအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့် ကြည့်နေရာများသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ပို့ဆောင် ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများ အား အခြေခံ စားသောက်ကုန်များ လှူဒါန်းခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကြောင့် အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းလိုပါက ဖုန်း-၀၉/ ၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)