မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ)လ(၁၀) Quarantine Centre တွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ    ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူ များနှင့် ဆက်စပ်သူများထားရှိသည့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများ ခြင်ကြောင့် ဖြစ်နိုင်သည့် ရောဂါများမှ ကာကွယ်နိုင်ရန် ခြင်ဆေဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့များနှင့် Volunteer များက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ရေးမှူးရုံး၊ ရုံးအဖွဲ့မှူး အ.ထ.က(ခွဲ) လ(၁၀) Quarantine Centre တာဝန်ခံ ဦးနိုင်ဝင်း ကြီးကြပ်မှုဖြင့်  ခြင်ဆေးဖျန်းသူ များက PPE ဝတ်စုံများကို စနစ်တကျ ဝတ်ဆင်၍ ခြင်များ ခိုအောင်းနေနိုင်သည့် စာသင်ခန်းဟောင်းများ၊ ဂိုထောင်များ၊ ရေချိုခန်းများ၊ အိမ်သာများနှင့် ကျောင်းဝန်း အတွင်း/အပြင်များကို ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)