သံတောင်ကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် ဆရာ/မများ နှင့် တွေ့ဆုံ

သံတောင်ကြီး             ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းသုံးလွယ်အိတ်နှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်နိုင်ရန်အတွက်  China   Foundation   For  Poverty    Alleviation     Myanmar     Office  (CFPA) မှ အခြေခံပညာ မူလတန်းကျောင်းရှိဆရာ/မ များ နှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ အထက ကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အခြေခံပညာမူလတန်းတက်ရောက်ရန် လွယ်အိတ်နှင့် စာရေးကိရိယာ အခက်အခဲရှိသော ကျောင်းသူ/ကျောင်းသားများ ၊ မိဘများ ထောက်ပံ့ရန်အခက်အခဲရှိသည့် ကျောင်း သူ/ကျောင်းသားများကိုသာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပစ္စည်းများရရှိခြင်းဖြင့် ပညာရေးပိုင်းတွင် ထူးချွန် ထက်မြက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးရန်အတွက် သတ်မှတ်ထားသည့် ကျောင်းအရေအတွက် နှင့် ကျောင်းသားအရေအတွက် ကိုက်ညီမှု ရှိ/မရှိကို ယခု ကဲ့သို့ အခြေ ခံပညာမူလတန်းကျောင်းရှိ ဆရာ/မ များနှင့်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း (CFPA) စီမံချက်တာဝန်ခံ အရာရှိဦးစောဒယ်နီယယ်နေဝင်းထွန်း ထံကသိရှိရသည်။

အဆိုပါ သံတောင်ကြီးမြို့နယ်အတွင်းတွင် China   Foundation    For  Poverty  Alleviation     Myanmar     Office  (CFPA) မှ ထောက်ပံ့သော အခြေခံပညာမူလတန်းကျောင်း(၁၇၁)ရှိကျောင်းသူ/ ကျောင်းသား (၅၆၇၉)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)