မုံရွာ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် အတွင်းက မီးလောင်မှု (၂၀၃)ကြိမ် ဖြစ်ပွားခဲ့ရာ ငွေကျပ် (၂၂၉,၁၇၄,၆၀၀) ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းစမ်းအေးထံမှ သိရသည်။
မီးလောင်မှု (၂၀၃)ကြိမ်တွင် မီးဖိုမီး (၄၅)ကြိမ်၊ ပေါ့ဆမီး (၅၁)ကြိမ် ၊ လျှပ်စစ်မီး(၅၆)ကြိမ်၊ ရှို့မီး(၃၃) ကြိမ် ၊ အလိုအလျောက်မီး (၄)ကြိမ် ၊ တောမီး (၁၃)ကြိမ် ၊ မိုးကြိုးမီး (၁)ကြိမ် ရှိခဲ့ ကြောင်း သိရသည်။
ခရိုင်အလိုက် ဖြစ်ပွားမှု အနေဖြင့် မုံရွာခရိုင်အတွင်း (၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၁၁၃,၄၃၅,၇၀၀)ကျပ်၊ စစ်ကိုင်းခရိုင်အတွင်း (၂၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၁၀,၉၆၅,၅၀၀)ကျပ်၊ ရွှေဘိုခရိုင်အတွင်း(၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၄၁,၁၈၄,၂၀၀)ကျပ်၊ ကသာခရိုင်အတွင်း (၂၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၃၂,၇၂၄,၃၀၀)ကျပ်၊ ယင်းမာပင်ခရိုင်အတွင်း (၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၄,၇၆၈,၅၀၀)ကျပ်၊ ကလေးခရိုင်အတွင်း(၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၁၇,၇၂၀,၀၀၀)ကျပ်၊ တမူးခရိုင်အတွင်း (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၆၁၀,၉၀၀)ကျပ်၊ မော်လိုက်ခရိုင်အတွင်း (၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၃၂၈,၀၀၀)ကျပ်၊ ခန္တီးခရိုင်အတွင်း (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် (၃,၉၆၅,၀၀၀)ကျပ်၊ ကန့်ဘလူခရိုင်အတွင်း (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု အနေဖြင့် (၃၄၇၂၅၀၀)ကျပ် ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)