မြောက်ဥက္ကလာပ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် သွားလာရေး အဆင် မပြေသော လမ်းများကို ကွန်ကရစ်လမ်း ခင်းကျင်းခြင်းနှင့် အခြားဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ယမန့်နေ့ နံနက် ၁၁ နာရီက ရွှေပေါက်ကံမြို့သစ် ရပ်ကွက်နှင့် (ဌ)ရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် တောင်ငူလမ်းမကြီးတွင် ပေအရှည် (၆၀၀၀) ကျော် ခင်းကျင်းနေမှုနှင့် (ဌ) ရပ်ကွက်၊ ခေမာ(၄)လမ်းတွင် အရှည်ပေ (၇၂၀)ရှိ သည့် ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများ ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးတင့်ဇော်နှင့် ဌာနဆိုင်ရာများက ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့များနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းများသည် ချိုင့်ခွက်များနှင့် လမ်းညီညာမှုမရှိခြင်းများကြောင့် ကားအဝင်အထွက်များနှင့် ပြည်သူများသွားလာရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းပြီးပါက ယခင်ထက် အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်းကို ရပ်ကွက်နေပြည်သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
မြမြဝင်း (ပြန်/ဆက်)