သုံးခွ ဒီဇင်ဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ၀န်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် များလူစည် ကားရာ နေရာများ၌ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကားဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ်၊ မြို့မဈေး တို့တွင် ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်များထဲတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးမြှင့်တင်မှု၊ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲ နေ့သမိုင်းကြောင်း၊ အမျိုးသား အောင်ပွဲနေ့ သန္နိဌာန်စသည့်အကြောင်းအရာများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် ဖတ်ချင်စဖွယ်ကဏ္ဍစုံလင်စွာဖော်ပြထားရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)