ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

‌ကော့မှူး ဒီဇင်ဘာ ၇

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်‌ တောင်ပိုင်း ခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီးရှေ့နှင့် လမ်းဆုံလမ်းခွများတွင်‌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့‌ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန့်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ် ဖွဲ့ဝင်များ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွား လမ်းလာများတွင် နှာခေါင်း စည်း Mask မတပ် ဆင်သူများအား နှာခေါင်းစည်း အခမဲ့တပ်ဆင်‌ပေးခြင်း၊ ညစ်ပေနေသည့် နှာ‌ ခေါင်းစည်း Mask များ တပ်ဆင်ထားသူများအား အသစ်လဲလှယ်‌ပေးခြင်းနှင့် ကျန်းမာ‌ရေး အသိပညာပေးမှုများ ဆောင်ရွက်‌နေကြောင်း သိရသည်။   

ဆက်လက်၍ မြို့မ‌ဈေးကြီးအတွင်း ဈေးရောင်းချသူများအား နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှရောင်း ချရန်၊  ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်း Mask တပ်ဆင်ပြီး ဝယ်ယူကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန်တို့အား လက်ကိုင်စပီကာဖြင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)