လှိုင်မြို့နယ်​​ပါရမီစိန်​​ဂေဟာ​​ရှေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်

ရန်ကုန်      ဒီဇင်ဘာ     

ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ် ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယမန်နေ့ည​နေ() နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပါရမီလမ်းရှိ ပါရမီစိန်​ဟော​ရှေ့တွင် ကိုဗစ်-၁၉ ကော်မတီဝင်များက အရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။

၎င်းလှုပ်ရှားမှုကိုကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ၏လမ်းညွှန်မှုဖြင့်ကိုဗစ်-၁၉ ရောဂါဒေသတွင်း ကူးစက်မှု လျော့နည်းစေရေး နှင့်ပပျောက်စေရေးအတွက်ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှအလေ့အထသို့ရောက်ရှိစေရန် ရည်ရွည်၍လူစုလူဝေးများပြား ပြီးကူးစက်မှုအများဆုံး နေရာဖြစ်သည့်​နေရာများ တွင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။            

၎င်းလှုပ်ရှားမှုတွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ် ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများအားလုံးနှင့် မြို့နယ်ကိုဗစ်-၁၉ အ​ရေး​ပေါ်ကာကွယ်တုံ့ပြန်​ရေး​ ကော်မတီဝင် များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ပညာပေးလုပ်ငန်းများအဖြစ်လမ်းသွား လမ်းလာများ၊​မော်​တော်ယာဥ်များနှင့်​စျေးဝယ် များအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၅၀၀)နှင့် မျက်နှာအကာ (Face Shield) (၅၀၀) ဝေငှပေးခြင်း၊လက်ကမ်းစာစောင် (၅၀၀) အားဖြန့်ဝေအသိပညာပေးခြင်းနှင့်လူအများ လိုက်နာရမည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာအမူ အကျင့်ကောင်းများကိုလက်ကိုင်စပီ ကာများဖြင့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

အလားတူလှုပ်ရှားမှုများကိုလှိုင်မြို့နယ် အတွင်းရှိစျေးများ၊ လူစည်ကားရာ​နေရာများ၌ တစ်ပတ်လျှင်နှစ်ကြိမ် နှုန်းဖြင့် ပြည်သူလူထုအတွင်း အမူအကျင့်ကောင်းများအလေ့အထဖြစ်လာသည်အထိ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရှိရပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)