ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် အိုးဘိုစျေးလေးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့်   A အဆင့်ရ စျေးဆိုင်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေး

တွံတေး   ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အိုးဘို စျေးလေး အတွင်းရှိ စျေးရောင်းချသူများနှင့်စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော A အဆင့်ရသော စျေးဆိုင်များ ပြန်လည်ခွင့်ပြုနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါစျေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသိုဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ၊ မြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများက အိုးဘိုစျေးလေးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့်မျက်နှာအကာအကွယ် (Face Shield) များ တပ်ဆင်ရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင် ကာကွယ်ရေးက ပိုမိုထိရောက်ကြောင်းကို Hand Speaker ဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း(Mask)များနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခြင်းနှင့် စျေးဆိုင်များ A အဆင့်ရရှိရေး အတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများကလိုက်လံ ကွင်းဆင်းစစ်ဆေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)