ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ပြင်ထွက်သူများ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရေးစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်   နာရီက မြို့နယ်အတွင်းရှိ (၄၈)ရပ်ကွက်၊ ဖြိုးစပယ်စျေးနှင့် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ်  ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ   ပါးစပ် နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိသော လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ် လိုက်ပါလာသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိပါက(mask) တစ်ခုလျင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့်စနစ်ဖြင့် ဆောင်ရွက် ခဲ့ရာ ယနေ့တွင် (၃၆)ဦး စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား  အိမ်ပြင်ထွက် တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ပညာပေးပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြင့်မြင့်ရီ(ပြန်/ဆက်)