ကဝမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၊ စီမံချက် လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကဝ ဒီဇင်ဘာ ၇

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊‌ ပဲခူးခရိုင် ဦးစီးမှူး ဒေါ်မေမျိုးဟန် ၊ ကဝမြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော်နှင့် အဖွဲ့ဝင်များသည် မုဒုကျေးရွာ အုပ်စု ၊ မုဒုကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း စီမံချက်လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ အဖွဲ့သည် ကျေးရွာအတွင်းဂဝံလမ်း ၁၅၈၆'×၁၀'×၈' လုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ တည်ဆောက်ပြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာစိတ်ဓာတ် (Village Spirit) ထားရှိရေးနှင့်ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေး ဖြေရှင်းပေးခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)