တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တံတား မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မြို့စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို တိုးတတ်မြင့်မားအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ကျေးရွာရှိလူငယ်များအား စာအုပ်စာပေကို အာရုံစိုက်မှုများလာစေရန်၊ စာကြည့်တိုက်ကို စိတ်ဝင်စားမှုရှိလာစေရန် မိမိတို့အနေဖြင့် စည်းရုံးရမှာဖြစ်ကြောင်း၊ မိမိဒေသရှိ စာကြည့်တိုက်များကို ပြည်သူများအသုံးချလေ့လာနိုင်ရေးနှင့် အသိပညာဗဟုသုတတိုးပွားရေးအတွက် အဓိကထား၍ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မိမိတို့ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်များရေရှည်ရှင်သန်ခိုင်မာရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာအုပ်စာစောင်များ တိုးပွားလာစေရေးအတွက် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ စာအုပ်စာ‌စောင်များရရှိ‌ရေးအတွက် မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်ရှိန်မြင့်မာရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များကလည်း တတ်စွမ်းသမျှဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့်စာအုပ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပန်းချောင်းကျေးရွာ ပန်းဧရာ စာကြည့်တိုက်မှူးထံသို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)