ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၅၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၃)သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော အင်းစိန် မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်မှ(၁၄)ဦး၊ ဖော့ကန်ရပ်ကွက်မှ(၆)ဦး၊ စဉ့်ငူ ရပ်ကွက်မှ (၆)ဦး၊ ရွာမ အနောက်ရပ်ကွက်မှ (၆)ဦး၊ ကြို့ကုန်းအရှေ့ရပ်ကွက်မှ (၅)ဦး၊ တောင်သူကုန်း ရပ်ကွက်မှ(၅)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၄)ဦး၊ နံ့သာကုန်း ရပ်ကွက်မှ(၃)ဦး၊ ပိန္နဲကုန်း ရပ်ကွက်မှ (၂)ဦးနှင့် တညင်းကုန်း ရပ်ကွက် မှ(၂)ဦး စုစုပေါင်း (၅၃)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေး အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ Quarantine Center သို့ အသီးသီးပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)