ဒဂုံမြောက် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာနိုင်ရေးအတွက် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်သို့ နယ်မြေကျော်လွန်သွားလာခြင်း မရှိစေရေး၊ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်း ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ မြို့ဦးစေတီရှေ့တွင် မြို့နယ်ကျော် ယာဉ်စစ်ဆေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့ဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းခဲ့ကြကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)