ကျောက်တန်း ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ(၅၇၀) ဦး အထိရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးတွင် ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် ကျောက်တံတားဇက်ဆိပ်ရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကျောက်တန်းမြို့နယ် ၁၉၇၉-၁၉၈၀ ကျောင်းသား/သူများ အဖွဲ့မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)