မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာတို့တွင်(TTT) စီမံချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်၍ဆောင်ရွက်

ရန်ကုန်    ဒီဇင်ဘာ     

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီမှဦးဆောင်၍ ဌာန ဆိုင်ရာအကြီးအ ကဲများ ရပ်ကွက်နှင့်ကျေးရွာများမှ တာဝန်ရှိသူများ ပရဟိတအဖွဲ့များစုပေါင်းပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် ဒီဇင်ဘာ ()ရက်နေ့မှ ဒီဇင်ဘာ(၁၄)ရက်နေ့ အထိMask များအခမဲ့ဖြန့် ဝေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဟောပြောခြင်းတို့ ဆောင်ရွက်မည် ဟုသိရသည်။

ဆောင်ရွက်ရာတွင် ဒီဇင်ဘာ()ရက်နေ့တွင် ကုန်းတလပေါင်းကျေးရွာအုပ်စု၊ ()ရက်နေ့ တွင် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ()ရက်နေ့တွင် ရွှေနံ့သာကျေးရွာအုပ်စု၊ ()ရက်နေ့တွင် ပြန်လည်နေရာချထားရေးရပ်ကွက်၊ (၁၀)ရက်နေ့တွင် ပေါက်ကုန်းရပ်ကွက်နှင့် ရဲစုတောင် ရပ်ကွက်၊ (၁၁)ရက်နေ့တွက် နွယ်ခွေကျေးရွာအုပ်စု၊ (၁၂)ရက်နေ့တွင် ပျဉ်းမပင်ကျေးရွာအုပ်စု၊ (၁၃)ရက်နေ့တွင် (/က)ရပ်ကွက်၊ (၁၄)ရက်နေ့တွင် ချစ်တီးကုန်းရပ်ကွက်တို့တွင် Mask များ အခမဲ့ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းတို့ကို အဆိုပါနေ့များတွင် နံနက်()နာရီမှ စတင်ဆောင်ရွက်ကြမည်ဟုသိရသည်။       

မျိုးသန့် (ပြန်/ဆက်)