မြဝတီ ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းအဖြစ် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက် (၈) နာရီအချိန်က မြဝတီမြို့အမှတ်(၁) ရပ်ကွက်ရှိ သဇင်လမ်းထောင့်နှင့် သောင်ရင်းဈေးတွင် ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ ဖြန့်ဝေ ပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ကာ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပရဟိတလူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်