အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် သား၊ ငါး၊ ဟင်းသီးဟင်း ရွက်များနှင့် စားသောက်ကုန် ပစ္စည်းများကို (၇)ကြိမ်မြောက်အဖြစ် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ် ဆတ်သော သား၊ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က ရွာမအနောက်ရပ်ကွက်၊ စည်ပင်ရိပ်သာတွင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သော အင်းစိန်မြို့နယ်အတွင်းရှိ လူသွားလူလာများတတ်သော နေရာသို့ ဈေးကား များဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါး အမျိုးမျိုး၊ ကြက် ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ စသည် တို့ကို လူတန်းစား မရွေးဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ (၇)ကြိမ်မြောက်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)