ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထားဆောင်ရွက်ရန် နေ့စဉ် စစ်ဆေးကြပ်မတ်

ခရမ်း   ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ် နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိသူများအား  အသိပညာ ပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား  ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်း လိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို ကိုဗစ်- ၁၉ မြို့နယ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ ရေး အဖွဲ့ဝင်များ ဈေးကြီးကြပ်ရေးတာဝန်ခံနှင့် ဈေးလုံခြုံရေးများပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ဈေးရှေတွင် သွားလာနေသူများ စက်ဘီး၊ဆိုင်ကယ်၊မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက် ပါလာသူများအား နှာခေါင်းစည်း (mask) တပ်ဆင်လာခြင်းမရှိပါကဒဏ်ကြေးငွေ (၁၅၀)ကျပ်၊ mask တစ်ခု တန်ဖိုးငွေ(၅၀)ကျပ် စုစုပေါင်း(၂၀၀)ကျပ် ပေးဆောင်စေပြီး ခုဝယ်ခုတပ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။

ကိုမင်း(ခရမ်း)