သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်၀င်း၌ ဖွင့်လှစ်ထားသော Community Based Facility Quarantine Center တွင် ဂီတတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်

သာကေတ ဒီဇင်ဘာ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဦးဆောင်၍ ယမန်နေ့ ညနေ (၆:၀၀)နာရီက ဇိနမာရ်အောင်စေတီတော်၀င်းရှိ Community Based Facility Quarantine Center တွင် Quarantine ၀င်ရောက်နေသူများ၊ ကြက်‌ခြေနီတပ်ဖွဲ့၀င်များနှင့် Volunteer များအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ဂီတတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါဖျော်ဖြေပွဲတွင် တေးသံရှင်ကိုလတ်၊ လွှမ်းအောင်၊ ပြည်မိုး၊ မင်းမင်း၊ ချစ်ဦး၊ ချမ်းမြေ့၊ လွမ်းမောင်မောင်၊ လွင်ဦးမောင်၊ ဇင်သီ၊ မို့မို့ကျော်လွင်၊ ဆောင်းအိ‌န္ဒြေထွန်း၊ မေသူကျော်၊ စုလှိုင်မျိုးသိန်း၊ ထက်နီလာ၊ မဘုတ်ဆုံ၊ ဂီတမှူးဟန်သိန်း(မြန်မာစာ)တို့မှ ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်ငြိမ်းကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲ ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မြို့နယ် လူမှု့ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးတို့က ဇိနမာရ်အောင်စေတီတော်၀င်းရှိ Quarantine ၀င်နေသူ(၃၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့၀င်(၉)ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့၀င် (၃၅)ဦးတို့အား အားပေးစကား ပြောကြားခဲ့ကြသည်။

သာကေတမြို့နယ် ဂီတအစည်းအရုံး ဥက္ကဋ္ဌ ကျောက်ပန်းတောင်းကျော်လွင်မှ "ကျွန်တော်တို့ မြို့နယ်မှာ Quarantine Center (၅) ခုရှိပါတယ် Quarantine ၀င်နေတဲ့သူတွေက ပျောက်ကင်း သွားလို့ နေရပ်ပြန်သွားခဲ့သလို ပြန်ရောက်လာသူတွေလဲရှိတယ်၊ Quarantine မှာ ရှိနေတဲ့ သူတွေကို စိတ်ဓာတ် ခွန်အားပြည့်စေဖို့ အခုလို လာရောက် ဖျော်ဖြေရတာပါလို့" ပြောကြားခဲ့ပါတယ်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)