ကော့မှူးမြို့နယ်တွင် အခြေခံဂျပန်စကားပြောသင်တန်းဖွင့်လှစ်

ကော့မှူး မတ် ၅

ယနေ့ခေတ်လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် နွေရာသီကျောင်း ပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ‌တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံဂျပန်စကားပြောသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှု‌ ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော် (ခင်ဇော်-ကော့မှူး) တို့ကပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူ များအနေဖြင့် ပညာဆိုသည်မတတ်ထားသင့်သည် ပညာများမရှိကြောင်း၊ ကျောင်းပိတ်ရက်များအတွင်း ပညာလိုချင်စိတ်ရှိရှိဖြင့် လာရောက်တက်ရောက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်သူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာအုပ်စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိမည်ဖြစ်ကြောင်း၊ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားများကိုလည်း လူငယ်များအနေဖြင့် ကျွမ်းကျင်တက်မြောက်ပြီး အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်လာ‌စေရန်၊ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန်၊ အယခုသင်ကြား‌ပေးသော ပညာရပ်အား နောင်မျိုးဆက်လက်ဆင့်ကမ်းသင်ယူနိုင်စေရန်၊ ယခုသင်တန်းမှပို့ချပေးသည့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာသင်ယူကြရန်၊ သင်တန်းမှထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဆု‌များပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍သင်တန်းဆရာ ဦးစည်သူကျော်က အခြေခံဂျပန်စကားပြောသည် တတ်ထားသင့်သည့်ပညာရပ်ဖြစ်ကြောင်း၊ ယခုအခြေခံသင်တန်းအား ထိထိရောက်ရောက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသား၊ သင်တန်းသူများက ပျက်ရက်မရှိတက်ရောက်ပေးကြရန် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီအထိ မတ်လ ၅ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ နေ့စဉ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)