သဲကုန်းမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

သဲကုန်း မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းမမြို့၊ သီရိရတနာရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကျေးလက်နေပြည်သူများအနေဖြင့် အသိပညာတိုးပွားရေးအတွက် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများတွင် ပူးပေါင်း​ဆောင်ရွက်​ကြရန်၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ ပြုပြင်ရန်လိုအပ်သည့်ကိစ္စများ၊ စာအုပ်စာစောင်များ ဖြည့်ဆည်းဆောင်ရွက်မည့်ကိစ္စများအား အသိပညာပေးဆွေးနွေးခဲ့၍ တက်ရောက်လာသော စာကြည့်တိုက်ကော်မတီဝင်များနှင့် ရပ်မိ/ ရပ်ဖများက စာကြည့်တိုက်တွင် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ စာကြည့်တိုက်တွင် လိုအပ်သည့်အခြေအနေများအား ပြန်လည်ဆွေးနွေးတင်​ပြပေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)