လှိုင်မြို့နယ်ရှိ​ဇေယျမင်္ဂလာ​ကျောင်းတိုက်နှင့် အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေခံစား သောက်ကုန်များ We Love Hlaing မှလှူဒါန်း

ရန်ကုန်      ဒီဇင်ဘာ      ၇ 

ကိုဗစ်−၁၉ကာကွယ်ထိန်းချုပ်စဉ်ကာလ အတွင်းပြည်သူများစားဝတ်နေရေးအစဉ်ပြေစေ ရေးအတွက်ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိ We Love Hlaing ပရဟိတအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှလှူဒါန်း ပေးလျက်ရှိသော အလှူရှင်များကိုယ်စား ရပ်ကွက်များရှိဘုန်း​တော်ကြီး​ကျောင်းများ၊  အ​ခြေခံလူတန်းစားများ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းများ၊Lock Down မိသားစုများအား လှူဒါန်း​ဆောင်ရွက်လျက်ရှိရာဘုန်း​တော် ကြီးများနှင့်အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေ ခံစားသောက်ကုန်များကိုယမန်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြသည်။

ထိုကဲ့သို့လှူဒါန်းရာတွင် လှိုင်မြို့နယ်​ဇေယျ မင်္ဂလာ​ကျောင်းတိုက်မှဘုန်း​တော်ကြီးများ၊အ မှတ်(၁၃)ရပ်ကွက်မှ အိမ်​ထောင်စု(၇၀)စုတို့အ တွက်တစ်အိမ်ထောင်လျှင် Buddy Dean ​ကော်ဖီ (၁၀)ထုတ်၊ Tea Lemon အ​အေး()ဘူး၊ Organic () ဘူးနှင့် အမှတ်(၁၃)ရပ်ကွက်ဓမ္မသုခလမ်း သွယ် ၁/၂၁၈မိသားစုတို့အတွက်ဆန်၊ဆီ၊ မုန့် ထုတ်များWe Love Hlaing ပရဟိတအဖွဲ့ များမှ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်​ရေးမှူးများနှင့် အတူ အိမ်တိုင်ရာ​ရောက် သွားရောက်လှူဒါန်းပေးခဲ့ ကြကြောင်းသိရှိရသည်။

ကြည်​​ဇေ​သော်(ပြန်/ဆက်)