ကမာရွတ် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က Youth Club အဖွဲ့မှ စာပေချစ်မြတ်နိူးသူလူငယ်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်စိမ်းလဲ့က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး youth Club အဖွဲ့ဝင် မောင်ငြိမ်းချမ်းမောင်က စာရေးဆရာ TSUKIMI ရေးသားသည့် "စာကျက်ချင်စိတ်" စာအုပ်ကိုဆွေးနွေးရာတွင် "အခုကာလတွေမှာ အများဆုံးအမေးခံရတဲ့ မေးခွန်းတစ်ခုက စာကျက်ချင်စိတ်ဖြစ်အောင် စိတ်ခွန်အား (မိုတီ) ကိုရရှိစေရန် ယခုစာအုပ်မှတစ်ဆင့် မျှဝေဖန်တီးပေးထားသည်ဟု ဆွေးနွေးပေးခဲ့ပသည်။
ထို့နောက် အဖွဲ့ဝင် မဖြူဖြူဦးကမိမိကိုယ်ကို အဆင်မြှင့်တင်နိုင်ရန် လုပ်ဆောင်ချက်တွေ အဆင့် (၃) ဆင့်ဖြင့် ကျော်ဖြတ်တတ်ရန် အရေးကြီးကြောင်း၊ လုပ်သင့်တာကို တကယ်လုပ်ဖြစ်အောင် ကြိုးစားခြင်း၊ မလုပ်သင့်တာ/မလုပ်ချင်တာကို မလုပ်ဖြစ်အောင်ကြိုးစားခြင်း၊ လုပ်ချင်တာကို မလုပ်ဖြစ်အောင်ကြိုးစားခြင်းများကို စာရေးဆရာက ရေးသားထားတာကို ဖတ်မိမှတ်မိပါကြောင်း ပြောကြားဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက မိမိတို့ဖတ်မှတ်မိသမျှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)