တွံတေးမြို့နယ်အတွင်း Positive အတည်ပြုလူနာ (၈၈၃)ဦးထိရှိပြီး ပြန်လည်ကောင်းမွန်လာသူ(၇၇၄)ဦးထိရှိ

တွံတေး ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ကျန်းမာရေးဌာန()ခု၊ အခြေခံပညာ ကျောင်း() ကျောင်း၊ ဓမ္မာရုံ()ခုတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းချိန်အထိ စင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၂၀၀)ဦးခန့်အထိ ရှိနေကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သွားလာမှုများကို Quarantine Centre()ခုထားရှိသော်လည်းလက်ရှိတွင် Quarantine Centre()ခု တွင်အနံမရသူ များကိုလည်း ..က()တွံတေးတို့တွင် ထားရှိကာအသွားအလာ  ကန့်သတ်မှုများကို ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

တွံတေးမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုး ဒီဇင်ဘာ၆ ရက်နေ့အထိ Positive လူနာ(၈၈၃)ဦး သေဆုံးသူ(၁၅) အထိရှိပြီး သက်ဆိုင်ရာကုသရေးစင်တာများတွင် သွားရောက်ကုသ၍ ကောင်းမွန် လာသူ(၇၇၄)ဦး အထိရှိကြောင်း တွံတေးမြို့နယ် ကိုဗစ်-၁၉သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှသိရှိရသည်။ ယနေ့နံနက်က ..က() Quarantine CentreမှContact (၂၆)ဦးကိုဒုတိယအကြိမ်ထပ်မံစစ်ဆေးရာ Positive အတည်ပြု လူနာ()ဦးထပ်မံ တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ Quarantine စင်တာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း  ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက်လည်း အလှူရှင်များက အလှူငွေများ၊ အသုံးအဆောင်ပစ္စည်းများ၊ အစားအစာ များနေ့စဉ်လှူဒါန်းပေးလျက်ရှိကြောင်းလည်းသိရသည်။

မျိုးလှိုင်(တွံတေး)