ဗိုလ်တထောင်ခရိုင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဗိုလ်တထောင် မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဦးစွာပထမ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကား​ပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောမှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှဆွေးနွေးခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုနေ့လယ် (၁) နာရီခွဲအချိန်က ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)