တောင်ဥက္ကလာပမြို့နယ် အ.မ.က (၉) ကျောင်း Quarantine Center ၌ထားရှိသော စောင့်ကြည့်လူနာများအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိသဖြင့် အိမ်ပြန်ခွင့်ရရှိ

တောင်ဥက္ကလာပ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်များက အ.မ.က (၉) Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာ ကျား - ၂ ဦး၊ မ - ၂၈ ဦး၊ စုစုပေါင်း ဦးအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အ.မ.က (၉) Quarantine Center ၌ ထားရှိသော ဒုတိယအကြိမ် Negative အဖြေထွက်ရှိခဲ့သူ ဦးအား ကျန်းမာရေးကောင်းမွန်ကြောင်း လက်မှတ်များ ပေးအပ်၍ အိမ်ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နေထက်အောင်