မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၅)ကျောင်းသို့ ကိုရီးယားနိုင်ငံ Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ်လာရောက်

မြောက်ဥက္ကလာပ  ဇန်နဝါရီ  ၁၀

ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်     အ.မ.က (၅) ကျောင်းသို့ ဒုတိယအကြိမ်ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ ကြိုဆိုနူတ်ဆက်ခဲ့ကြသည်။

အဆိုပါ ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းရှိစာသင်ခန်း(၁၂)ခန်း အတွင်းသို့ ဝင်ရောက်၍  အ.မ.က(၅) ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကာတွန်းရေးဆွဲခြင်း၊ ကျောင်းဝင်ပေါက်တံခါးနှင့် ခြံစည်းရိုး၊ စာသင်ခန်းများဘေးရှိ လျှောက်လမ်းနံရံများအား ဆေးသုတ်ခြင်းတို့  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.မ.က(၅)၊ မြောက်ဥက္ကလာပ၌ ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၂၆)ဦးဖြင့် KG တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားလျက်ရှိပြီး Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အဆိုပါကျောင်း၌ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)