ဗိုလ်တထောင် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင် မြို့နယ်အမှတ် (၆) ရပ်ကွက် လောကအလင်းစာကြည့်တိုက်နှင့် အမှတ် (၇) ရပ်ကွက် စာပန်းအိမ်စာကြည့်တိုက်သို့ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင် ရန်ကုန်တိုင်းဒေသကကြီး၊ မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များဖြင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်က မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းက ယခင်ကစ၍ အမှတ် (၆) ရပ်ကွက်တွင် လောအလင်းစာကြည့်တိုက်အမည်ဖြင့်လည်းကောင်း၊ အမှတ် (၇) ရပ်ကွက်တွင် စာပန်းအိမ်အမည်ဖြင့်လည်းကောင်းဖွင့်ပြီးဖြစ်ကြောင်း၊ ၎င်းစာကြည့်တိုက်များအား ရှင်သန်ဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်ကလည်း စာကြည့်တိုက်ကော်မတီများ ဖွဲ့စည်းရန်နှင့် စာကြည့်တိုက်များ ပြန်လည်ရှင်သန်ခိုင်မာအောင် ဆောင်ရွက်ပေးကြရန်၊ လိုအပ်သောအကူအညီများကိုလည်း ဝိုင်းဝန်းဆောင်ရွက် အကူအညီပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကော်မတီဖွဲ့စည်းပြီးပါက စာကြည့်တိုက်ကို ပုံမှန်အချိန်သတ်မှတ်ဖွင့်လှစ်ရန်၊ မိမိတို့ရုံးမှစာအုပ်စာစောင်များအားလည်း စာဖတ်သူစိတ်ကြိုက် စာအုပ်များလာရောက်ငှား၍ စာငှားသူများအားငှားပေး၍ရသည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှာ စာကြည့်တိုက်ကော်မတီများဖွဲ့ထားပြီး စာကြည့်ကော်မတီများအနေဖြင့် အပတ်စဉ်စာကြည့်တိုက်ဖွင့်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာအုပ်စာစောင်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ တက်ရောက်ကြလာသော စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း စိတ်ပါဝင်စားကြကြောင်း၊ မိမိတို့ရပ်ကွက်စာကြည့်တိုက်မှာ စာကြည့်တိုက်ကော်မတီကိုလည်း အမြန်ဖွဲ့စည်းတင်ပြမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးပါက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခင်ဝင်း(ပြန်/ဆက်)