ပခုက္ကူ ဇန်နဝါရီ ၁၀
ပခုက္ကူမြို့ မြို့မလမ်း သာသနာ့ဗိမာန်တွင် သာသနစက္ကပ္ပဝတ္တက အသင်းက ကျင်းပသော(၂၁) ကြိမ်မြောက် သာသနာလင်္ကာရ အကျော်စာတော်ပြန်ပွဲ အောင်လက်မှတ်ချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်၁နာရီက ကျင်းပသည်။
ရှေးဦးစွာ မဟာဝိဇယရာမ ပါဠိတက္ကသိုလ် (အရှေ့တိုက်) တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ က သာသနာတော် စက်ရဟတ်လည်သကဲ့သို့ သာသနာတော်အား အမြဲတစေ စောင့်ရှောက်နိုင်ရန် ရည် ရွယ်၍ စာတော်ပြန်ပွဲ ကျင်းပပေးထားသော အသင်းသား၊ အသင်းသူများ လှူဒါန်းမှုပြုကြသော ဒါယကာ၊ ဒါယိကာမများအား သာဓုအနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ယခုနှစ် ဿသနလင်္ကာ အကျော်စာတော်ပြန်ပွဲတွင် တတိယအဆင့် အောင်မြင်သည့် ရဟန်း သာမဏေ (၇၄)ပါး၊ သီလရှင်ဆရာလေး (၇) ပါးတို့အား အသင်းမှ "အာဇည" ဘွဲ့နှင့် "မမေဓါဝီသုဘဒ္ဒါ" တို့ ကို ချီးမြှင့်ဆက်ကပ်သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ သာသနစက္ကပ္ပဝတ္တ က အသင်းဉက္ကဋ္ဌ ဦးတင်ဝင်းနှင့် အသင်းသား/ အသင်းသူများ၊ မြို့ပေါ်ရပ်ကွက် အသီးသီးမှ ဒါယကာ/ ဒါယကာမများ တက်ရောက်၍ ချီးကျူးပူဇော် ဂုဏ်ပြုကြကြောင်း သိရသည်။
ကိုတမာ