အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်စျေးနှင့် လူစည်ကားရာနေရာတွင် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

အုတ်တွင်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်စျေးနှင့် လူစည်ကား ရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ နေအိမ်အပြင် သို့ မဖြစ်မနေ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာစေရေးအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်မာ(ပြန်/ဆက်)