လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွန်ကရစ် လမ်းခင်းခြင်းနှင့် Box Culvert များ တည်ဆောက်နေမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert များတည်ဆောက်နေမှု လုပ်ငန်းများကို  ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် ၊ လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ ခရိုင်အင်ဂျင်နီယာ ဦးကြည်စန်း၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုနန္ဒာခိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအမှုဆောင်တို့ ပူးပေါင်း ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာ မိုးတွင်းကာလတွင် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေစီးရေလာ ကောင်းမွန်လာစေရေးတို့အတွက် ရေမြောင်းများ တူးဖော် ရှင်းလင်းနေမှုတို့ကို အမှတ်(၅)ရပ်ကွက် မဟာဆွေလမ်း(၁၈၅၀'x၁၄'x၀'.၆")ပေ၊ အမှတ်(၆)ရပ်ကွက် မဲဇလီလမ်းနှင့် အောင်ပြည့်စုံလမ်း (၂၃၁၀'x၁၄'x.'")ပေ၊ အမှတ်(၁၅)ရပ်ကွက် ခရေလမ်း(၁၂၅၀'x၁၄'x၀၆)ပေ၊ မာလာလမ်း (၆၉၀'x ၁၄'x.")ပေ၊ အာသာဝတီလမ်း (၉၀၀'x၁၄'x.")ပေ ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert များ တည်ဆောက်နေမှု လုပ်ငန်းများကို စနစ်တကျ ပြုလုပ်ကြရန် ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert များ တည်ဆောက်နေမှုတို့အား၂၀၂၀-၂၀၂၁ တိုင်းဒေသ ကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းများ အရည်အသွေးကောင်း မွန်စေရန် ၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးနိုင်စေ​ရန် ၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)