ကံမမြို့ အမှတ်(၁)ရပ်ကွက် ကျောင်းမကုန်းလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင်ဆောင်ရွက်

ကံမ ဒီဇင်ဘာ ၇

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့  အမှတ်(၁)ရပ်ကွက် ကျောင်းမကုန်းလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်  ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသောကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင် သာယာရေးအဖွဲ့၏  ရန်ပုံငွေမှ ငွေကျပ် ၈၅ သိန်း ဖြင့်  လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၄၀၀ နှင့်အနက် ထု ၈ လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  ဦးမြင့်လှိုင် ထံမှသိရသည်။

ကျော်ဇေယျဝင်း(ကံမ)