ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)၌ မိုးစပါးများ စတင်ရိတ်သိမ်း

ထီးလင်း ဒီဇင်ဘာ ၇

ဒေသဝမ်းစာ ဖူလုံရေးနှင့်တောင်သူများအနေဖြင့် သီးထပ်သီးညှပ်များ အချိန်မီ ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ရေး တို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် တောင်သူများက မိုးစပါးများ စတင် ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ(ရပ်မကွင်း)တွင် မိုးစပါးစိုက်ဧက (၂၉၆)ဧကရှိပြီး ထီးလင်းမြို့ အမှတ်( ၁ / ၂ ) နှင့် သရခါကျေးရွာမှ တောင်သူများက မိုးစပါး ဆင်းသုခနှင့်ဧရာမင်း စပါးနှစ်မျိုးကို စိုက်ပျိုးလျက်ရှိကြရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၇၉ ဒဿမ ၃၈)တင်း ထွက်ရှိလျက် ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

အောင်စည်(ပြန်/ဆက်)