ကျိုက်မရော ဒီဇင်ဘာ ၇
မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်တွင် မွန်ပြည်နယ် အမျိုးသမီး ကော်မတီ၏ ဦးဆောင် မှုဖြင့် ဆောင်ရွက်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ ဖြစ်ရပ်စီ မံခန့်ခွဲမှု သင်တန်း ( Case Management on GBV Training) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က သင်တန်းဖွင့် အမှာစကား ပြောကြား ပြီးမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မြင့်က သင်တန်းနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသားများအား စနစ်တကျ တက်ရောက်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် care Myanmar မှ ဦးဇော်ဇော်အောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ကျား/မ အ ခြေပြု အကြမ်းဖက်မှု ဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်းသို့ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ချိုချို (ပြန်/ ဆက်)