ပွင့်ဖြူမြို့နယ် မုန်းချောင်းနှင့် ကြီးအုံကြီးဝတမံအနီး တရားမဝင် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တရားမဝင် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ရေး ကွင်းဆင်းစစ် ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က နယ်မြေရဲတပ်ဖွဲ့ဝင်များ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မုန်းချောင်းနှင့် ကြီးအုံကြီး ဝတမံ    အနီးဝန်းကျင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်ငါး လုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွန်းသိန်းကိုကို ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အထက်ဘက်ရှိ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတစ်လျှောက်၊ မုန်းချောင်းတစ်လျှောက်၊ ပွင့်ဖြူ မြို့နယ်ကြီးအုံကြီးဝ တမံ အနီးဝန်းကျင်များသို့ သွားရောက်ပြီး ငါးသယံဇာတ ထိန်းသိမ်း ရေး ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ မြောင်းမကြီးများမှ တရားမဝင် ငါးဖမ်းဆီးရာတွင် အသုံးပြုသော ဘတ္ထရီအိုးနှင့် ရှော့တိုက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဦးထွန်းသိန်းကိုကို ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ကြီးအုံကြီးဝတမံအနီးတွင် တန်းပိုက်ဖြင့် ငါးဖမ်းလုပ်ကိုင်စားသောက်သည့် ရေလုပ်သားများနှင့် တွေ့ဆုံ၍ ငါးမျိုးများ မပြုန်းတီး ရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေးအတွက် တရားမဝင်နည်းဖြင့် ငါးဖမ်းနည်းဖြစ်သော ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန်နှင့် တရားမဝင် ငါးဖမ်းဆီးများ ပြုလုပ်ပါက အရေးယူခံရမည့် ဉပဒေ ၊ နည်းဥပဒေများအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )