ပွင့်ဖြူမြို့နယ်၌ (A) အဆင့်ရှိသည့် ဆိုင်ပေါင်း (၂၀) အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု

ပွင့်ဖြူ  ဒီဇင်ဘာ   ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လိုက်နာပြင်ဆင်ထားရှိပြီး (A)အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်(၂၀)အား ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုထားကြောင်း ပွင့်ဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ထိုသို့ ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အထူးဂရုပြုလိုက်နာဆောင်ရွက်ရန် ၊ ဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် ၊ နေ့စဉ် ဆိုင်ဖွင့်လှစ်ရောင်းချရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ဆောင် ရွက်ပြီးမှသာ ဆိုင်ဖွင့်လှစ် ရောင်းချရန်တို့ကို ဆိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများကို လိုက်လံအသိပညာပေး ဆောင်ရွက် ထားကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လိုက်နာပြင်ဆင် ထားရှိသော (A)အဆင့် သတ်မှတ်၍ ဖွင့်လှစ် ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များမှာ ပွင့်ဖြူမြို့ပေါ် တွင် (၁၀) ၊ ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာတို့တွင် (၁၀) ဆိုင် ၊ စုစုပေါင်း စားသောက်ဆိုင် (၂၀) ကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခွင့် ပြုထားကြောင်း သိရကာ အဆိုပါ ဖွင့်လှစ်ရောင်းချ ခွင့်ပြုသည့် စားသောက်ဆိုင်များကို ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွား စေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် စဉ်ဆက်မပြတ် ကြပ်မတ်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံက သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)