ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ဒလ မတ် ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့‌သည်။

ဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက ယနေ့ခေတ်သည် နည်းပညာများစွာဖြင့် တိုးတက်ပြောင်း‌လဲနေသော ခေတ်ဖြစ်ပြီး နည်းပညာသည် လူ့အဖွဲ့အစည်းနှင့်ပတ်၀န်းကျင်ကို နည်းလမ်းများစွာဖြင့် အထောက်အကူပြုစေပြီး လူငယ်များအနေဖြင့် နည်းပညာများကို စဉ်ဆက်မပျက်လေ့လာ သင်ယူနေသင့်ကြောင်းနှင့် သင်တန်းဖွင့်လှစ်‌ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲမှ ဦးစီးအရာရှိ ဦးလွင်ဟိန်းဇော်က ဖုန်းကင်မရာရိုက်ကူးနည်း၊ ကင်မရာ၏လုပ်ငန်းဆောင်ရွက်နိုင်မှု အ‌ခြေအနေများ သင်ကြားပို့ချပေးပြီး သင်တန်းသား၊ သင်တန်းသူများအား Android အမျိုးအစား မိုဘိုင်းဖုန်းကို အသုံးပြု၍ Kinemester application software ဖြင့် ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များကို တည်းဖြတ်နည်း၊ နောက်ခံအသံထည့်ခြင်း၊ တေးသီချင်းများထည့်ခြင်း၊ စာသားများနှင့် ဓာတ်ပုံများထည့်သွင်းခြင်း၊ မိမိတို့၏ဓာတ်ပုံဗီဒီယိုဖိုင်များကို အရည်အ‌သွေးကောင်းမွန်သော ဗီဒီယိုပုံစံများဖန်တီးခြင်း၊ မိသားစု၀င်များ၏ မွေးနေ့ပွဲ၊ အလှူပွဲနှင့်ပျော်ပွဲရွင်ပွဲများ၊ ခရီးသွားခြင်း အမှတ်တရမှတ်တမ်းများကို ဗီဒီယိုများဖန်တီးနိုင်ရန်ရိုက်ကူးနည်း၊ တည်းဖြတ်နည်း စသည့်နည်းပညာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများအား လက်တွေ့သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၉ ရက်‌‌နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)