ကျောက်တန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး၊ ကားဂိတ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁) ဦး၏ အမည်များ၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကျောင်း ၊ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့သနိ္နဌာန်ကဗျာ နှင့် ကာတွန်းများ ပါရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ၍ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အစောင်ရေ (၁၀၀၀၀၀) ထုတ်ဝေပြီး တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)