ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်များတွင် ယာဉ်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွတ်

ခရမ်း ဒီဇင်ဘာ ၈

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ခရမ်းမြို့အဝင်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်က stay home ကာလဖြစ်တဲ့အတွက် MOHS ရဲ့ ညွန်ကြားချက်တွေနဲ့အညီ‌ နေအိမ်ပြင်ပ ကို သွားလာခွင့်ရှိသူများမှအပ ကျန်သူတွေ မလိုအပ်ဘဲ နေအိမ်ပြင်ပကို ထွက်ခွာမှုမရှိစေရေး ဆိုပြီးတော့ လူဝင်လူထွက်များတဲ့ နေရာတွေမှာ စစ်ဆေးကြပ်မတ်နေခြင်းဖြစ်၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာ သည့် ခရီးသည်နှင့် ယာဉ်များ၊ ကုန်တင်ယာဉ်များအား စစ်ဆေးခြင်း ဆိုင်ကယ်များအား ယာဉ်စည်း ကမ်းနှင့်အညီ မောင်းနှင်စီးနင်းစေခြင်း၊ mask များ တပ်ဆင်မှုမရှိပါက မြို့တွင်းဝင်ရောက်ခွင့် မပြုခြင်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့ဝင်၊ မြို့ထွက် အသွားအလာများ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးမိုး၊ အမှတ် (၅၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြို့တွင်းသို့ တခြားဒေသမှ လာရောက်လည်ပတ် သူများအား ကျန်းမာရေးကောင်းမွန်ကြောင်း အထောက်အထားမပါရှိပါက ပြန်လည်စေလွှတ်ခြင်း၊ မြို့တွင်းသို့ ကျန်းမာရေးကိစ္စရပ်နှင့် ကုန်စည်စီးဆင်းနိုင်စေရေးတို့အတွက် ဝင်ရောက်ပါကလည်း သက်ဆိုင်ရာ ထောက်ခံချက်များအား စိစစ်၍  မြို့နယ်တွင်းသို့  ဝင်ရောက်ခွင့်ပြုခြင်းနှင့် မလိုအပ်ဘဲ နေ အိမ်ပြင်ပသို့ မထွက်ခွာစေရေးတို့ဖြင့် အသွားအလာများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသလို နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိပါကလည်း နှာခေါင်းစည်းများ တပ်ဆင်စေခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)