ဒိုက်ဦး ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ၍ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများသည် လူစည်ကားရာ စည်ပင်သာယာ မြို့မဈေးကြီး ရှေ့၊ ကားဂိတ်နှင့် မင်းလမ်းမကြီးတလျှောက်တို့တွင် အများပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ရာပြည့်အမျိုးသား အောင်ပွဲနေ့မှသည် တိုင်းရင်းသား အားလုံးပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်စို့ ဆောင်ပုဒ်ဖြင့် အစချီထားပြီး ၂၀၂၀ပြည့်နှစ်၊ နှစ်တရာပြည့်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုးရေးသားထားသော အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ (၁၆-၁၀-၂၀၁၉) ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ (၉၉ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သောသဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး၏ အမည်နှင့် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကာတွန်းပါဝင်ကြောင်းသိရသည်။
ကျော်ကျော်(ဒိုက်ဦး)