ဆိပ်ကြီးခနောင်တို မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဈေးတာဝန်ခံများ လိုက်ပါလျက် မြို့မဈေးကြီးအတွင်း မီးစနစ်တကျသုံးစွဲရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံစွာ ထားရှိရေး၊ မီးသတ်ရေ လုံလောက်စွာထားရှိရေးတို့ကို လိုက်လံ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ စနစ်တကျအလွယ်တကူ အသုံးပြုနိုင်ရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား သက်ဆိုင်ရာ ဈေးတာဝန်ခံ ဝန်ထမ်းများအား ပညာပေးဆွေးနွေး ပြောကြား‌ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်ရှိရာ ရပ်ကွက်များအတွင်းသို့လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)