တွံတေး ဒီဇင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများကို ယနေ့ နံနက်ပိုင်းက ယာယီဈေး၊ အိုးဖိုဈေးလေး၊ ကူတိုဆိပ်နှင့် လမ်းသွား/ လမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၆.၁၀.၂၀၂၀ ရက်နေ့ တက္ကသိုလ်များ ဖွံဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးအမည်များ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့ သန္ဒိဋ္ဌာန်ကဗျာ၊ ကာတွန်းနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဖော်ပြထားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို ပြည်သူများအတွက် ပိုမိုအသိရှိစေရန် "သတင်းစကားလက်ကမ်းစာစောင်" (၁၀၀,၀၀၀)ကို အခမဲ့ထုတ်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်