၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံအခမဲ့ဖြန့်ဝေ

ကွမ်းခြံကုန်း ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူ များ၊ ဆိုက္ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ သင်္ဘောဆိပ်နှင့် လူအများသွားလာရာ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် ၅ ချက်နှင့် သမိုင်းမှတ်တမ်းဝင် ဓာတ်ပုံများ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား သို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဉပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး အမည်နှင့် ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဉပဒေ၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာနှင့် ကာတွန်းတို့ ပါဝင်ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)