ဒဂုံ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ လိပ်ကန်ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အေးနှင့်အဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့က ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။
ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလတွင် အများပြည်သူများ စိတ်အေး ချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့် ရှောက်နိုင်ရေးတို့အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာ သော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်း လုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မိုးမိုးခိုင် (ပြန်/ဆက်)