မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၅၆၇) ဦးထိ ရှိလာ

မကွေး     ဒီဇင်ဘာ     ၈

မကွေးတိုင်းဒေသကြီး၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ   RDT results  ၁၂ ဦးနှင့်  Gene X pert ၂ ဦး စုစုပေါင်း ပိုးတွေ့ လူနာ (၁၄)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြု လူနာပေါင်း(၁၅၆၇)ဦးထိ ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း  ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၇ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက တောင်တွင်းက ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူ(၃)ဦး၊ စလင်းက အနံ့ပျောက် လက္ခဏာပြ (၁)ဦး၊မကွေးမြို့နယ်က ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ (၄) ဦးနဲ့ ရောဂါလက္ခဏာရှိ စောင့် ကြည့်လူနာ (PUI) ၂ ဦးဖြစ်ပြီး၊ မင်းလှမြို့နယ်က ယာဉ်နောက် လိုက်(၁)ဦး၊ ရေစကြိုက အနံ့ပျောက် လက္ခဏာပြ(၁)ဦးနဲ့ မင်းဘူးက  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦး တို့ဖြစ်ပါတယ်၊ အောင်လံမြို့ နယ်က အသက်(၅၈)နှစ် အမျိုးသား(၁)ဦး ထပ်တိုးသေဆုံးခဲ့ပြီး ကင်ဆာရောဂါအခံရှိကာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ဖြစ်ပါတယ်၊ ဒီနေ့ညပိုင်းအချိန် အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ အနေနဲ့ စုစုပေါင်း(၁၅၆၇)ဦး ရှိနေပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးမှာ အနံ့ပျောက်လူနာ တဖြည်းဖြည်း ပိုတွေ့လာတဲ့အတွက် အနံ့ ပျောက်ပြီး ပိုးတွေ့(၈၂)ဦးအထိ ရှိလာတာပါ၊ စုစုပေါင်း ကိုဗစ်ပိုးတွေ့(၁၅၆၇)ဦးထဲက RDT နဲ့ စစ်ဆေး ပြီး ပိုးတွေ့သူက (၃၆၀)ဦး၊ ယာဉ်မောင်းက (၈၄)ဦး၊ ယာဉ်နောက်လိုက် (၁၇) ဦးနဲ့ ကျန်းမာရေး ဝန်ထမ်း (၃၀)ဦးအထိ ကူးစက်ခံခဲ့ရပြီ ဖြစ်ပါတယ်၊ NHL ပို့ PCR ဓာတ်ခွဲစစ်ဆေးသူပေါင်း (၂၈,၆၂၁) ဦး ရှိပြီး၊RDT နဲ့ စစ်ဆေးသူ(၃၀,၇၇၉)ဦး ရှိခဲ့ပြီ၊ ဒေသတွင်းကူးစက်ဖြစ်နိုင်ခြေကို အတိုင်းအတာတခုအထိ ဖြေရှင်း နိုင်စေဖို့ မြို့နယ်အချို့မှာ ရက်ကွက်အလိုက်၊ ရွာအလိုက် အသွားအလာကန့်သတ် Stay at home ဒေသအမိန့် ထုတ်ပြန်ခဲ့ရပြီး၊ ခုလည်း ဒီတပတ်မှာ တောင်တွင်းကြီးမြို့ကို stay Home ထုတ်ပြန် ခဲ့ရပါတယ်၊ ဒေသခံပြည်သူများ ပိုမိုဂရုစိုက် နေထိုင်သွားကြရန် အရေးကြီးပါတယ်ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၅၆၇) ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၂၂၇) ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၃၃၆)ဦးနှင့် သေဆုံးသူ(၄)ဦး ရှိကြောင်း တိုင်းဒေသ ကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။   

 သန်းနိုင်ဦး(ငဖဲ)