မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း နှင့် Mask Campaign​ ဆောင်ရွက်ခြင်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မရမ်းကုန်း ဒီဇင်ဘာ  

ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက်ပြည်သူများ အစဉ်အမြဲသတိရှိစေရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အလိုက်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အနေဖြင့် ယမန်နေ့နံနက် နာရီအချိန်မှစတင်ကာ လူစည်ကားရာနေရာများ၊ စျေးများနှင့်လမ်းများရှိ ပြည်သူများကျန်းမာရေး သတိရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ရာသို့မြို့နယ်ကိုဗစ် -၁၉ကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဥက္ကဋ္ဌဒေါ်သောင်းခင်၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်ကြက်ခြေနီ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းကြောင့်ရရှိလာသော အကျိုးကျေးဇူး များအား ရှင်းလင်း အသိပေးခြင်း၊ စျေးဝယ်သူနှင့်စျေးရောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များပါရှိသည့် လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အေးအေးအောင်(ပြန်/ဆက်)