နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

နတ်မောက်    ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၁၈၅)၊ ဦးပိုင် (၁၁၃) တောင်သူ ဦးဉာဏ်လှ၏ စင်းသုခစပါးပျိုးခင်းစံ ကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စပါးစံကွက်ရိတ်သိမ်းခြင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဒု-ဦးစီးမှူးဒေါ်တင်တင်မှုနှင့် စိုက်ပျိုးရေးဝန်ထမ်းများက  ဒေသခံတောင် သူများနှင့်  အတူဆောင်ရွက်ခဲ့ကြရာ မြေယာဒေသနှင ကိုက်ညီ သောမျိုးစေ့များရရှိပြီး  အထွက်နှုန်းကောင်း၍   စံကွက် ရိတ်သိမ်းရာတွင်   စင်းသုခစပါး တစ်ဧကလျှင်  စပါး အစို(၇၈.၁၂)တင်းနှုန်း   ထွက်ရှိခဲ့ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဒု-ဦးစီးမှူးထံမှသိရသည်။

လှဝင်း