နတ်မောက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာ စိုက်ပျိုးခြင်းမှ မိသားစုတစ်နိုင်တစ်ပိုင်ခြံများ စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ ငရုတ်သီးစိမ်းပင်များ စိုက်ပျိုးရောင်းချခြင်း ပြုလုပ် သူများ အမြတ် ငွေပိုမို ရရှိလျက်ရှိကြောင်း သိရသည်။
“ငရုတ်ပင်မှာ တစ်နှစ်ပတ်လုံးခူးယူရရှိနိုင်သည့်အပင်ဖြစ်ပြီး စိုက်ပျိုးသူ၏ မျိူးရွေးချယ်မှုနှင့် ဂရုစိုက် ပြုစုမှုအပေါ်မူတည်ကြောင်း တစ်ဧကလျင် ပင်ကြား (၂)ပေ၊ တန်းကြား (၃)ပေဖြင့် အပင် (၃၀၀၀)ကျော်စိုက် ပျိုးနိုင်ကြောင်း အပင်သက်တမ်း (၂)လအရွယ်တွင် စတင်ခူးယူနိုင်သော်လည်း ပထမအကြိမ်ခူးယူစဉ်က အစိမ်းသီးဖြစ်သည့်အတွက် အချိန် (၃၅)ပိဿာခန့်သာရရှိကြောင်း ၊ (၁)လလျင် (၂)ကြိမ် ခူးယူရရှိပြီး ခူးယူမှု အကြိမ်များလာသည့်အမျှ ငရုတ်သီးထွက်ရှိမှု ပိုမို ရရှိကြောင်း” နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာ ငရုတ် စိုက်ပျိုးလုပ်ကိုင်သူ ဒေါ်စန်းစန်း ဝင်း ထံမှ သိရသည်။
ငရုတ်ပင်စိုက်ပျိုးရာတွင် မိမိ၏ထွန်ရှင်းလုပ်အားခမပါ ကုန်ကျငွေ (၃)သိန်းကျော်ရှိကြောင်း၊ ဆွတ်ခူး မှု (၄)ကြိမ်တွင် ငရုတ်သီးအထွက်မှာ ပိဿာ (၆၀၀)ခန့်ရရှိိ၍ ယနေ့ဒေသပေါက်ဈေး ငရုတ်သီးစိမ်း တစ်ပိဿာ (၁၂၀၀) ကျပ်,၊ ငရုတ်သီးအခြောက်တစ်ပိဿာ (၅၀၀၀) ကျပ် ရောင်းချရ သည့်အတွက် ငရုတ် စိုက်တောင်သူများ အမြတ်ငွေပိုမိုရရှိပြီး မကွေးမြို့နှင့် ပျော်ဘွယ် မြို့များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
လှဝင်း (နတ်မောက်)