မော်လမြိုင်ခရိုင်၌ လူငယ်နှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်     ဒီဇင်ဘာ        ၈

မော်လမြိုင်ခရိုင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန၊  လူထုအခြေပြု  ဗဟိုဌာန CommunityCenter၌ မျိုးဆက်သစ်လူငယ် များအတွက် မျိုးဆက်ပွားကျန်းမာရေး အသိပညာ ရရှိစေရန် ရည်ရွယ်၍ လူငယ်နှင့်မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးTalk  Showကို ယမန်နေ့မွန်းလွဲ၁နာရီက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က အသိပညာပေးTalk  Showဆောင်ရွက်ရခြင်းကို  ရှင်းလင်းပေးပြီး မြန်မာနိုင်င ံဆရာဝန် အသင်း လူငယ့်စေတမန်စီမံချက်အဖွဲ့မှ ကွင်းဆင်းညှိနှိုင်းရေးမှူး ဒေါ်အိခိုင်ဇာမင်းက လူငယ်နှင့်မျိုးဆက် ပွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ မျိုးဆက်ပွား အသိပညာပေးလူကြီး၊ လူငယ်သိသင့် သိထိုက် သည့်အချက်များနှင့် လူငယ်အသိပညာပေး ဝန်ဆောင်မှုအနေဖြင့် Pear to  Pear (သက်ရွယ်ဆင်တူ ပညာ ပေးလုပ်ငန်း) များကို အကျယ်တဝင့် ဆွေးနွေးပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)